လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲကျင်းပ

လောင်းလုံး    ဖေဖော်ဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်ကကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက (၇၆)နှစ်မြောက် ဖြစ်ပေါ်လာရခြင်းအကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်၊(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များအကြောင်းကို အသိ ပညာပေးဟောပြောပေးခဲ့သည်။

သိန်းသိန်း(လောင်းလုံး)