မြောက်ဦး ဖေဖော်ဝါရီ ၇
ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်လွှဲပြောင်း အပ်နှံလာသော ပြစ်ဒဏ်ကျခံပြီးသည့် မြောက်ဦးမြို့နယ်မှ ရခိုင်တိုင်းရင်းသား (၈) ဦးအား ထမ္မရပ်ကွက် ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့က မိဘထံသို့ပြန်လည် အပ်နှံခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့် အဖွဲ့ဝင်များမှ မြောက်ဦးမြို့နယ်မှ နေရပ်ပြန်ရခိုင်တိုင်းရင်းသားများအား တစ်ဦးချင်း မိတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ ပြီးနောက် မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှလည်း လူကုန်ကူးမှု မခံရစေရေး အကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမျိုးသမီး ရေးရာအဖွဲ့ ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့က ကြိုဆိုနှုတ်ဆက်ကြပြီး အဟာရဖြည့် စာများ ပေးအပ်ခဲ့ပြီး မိဘများထံ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင် ( ပြန်/ဆက် )