နတ်တလင်းမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ

နတ်တလင်း   ဖေဖော်ဝါရီ   ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် လူထုစိန်ဝင်း၏ အတွေးအမြင်ဆောင်းပါးများစာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုစည်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက်( ၁ဝ)နာရီက မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။  အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်/ဆက်ဦးစီးမှူးဒေါ်လဲ့ဝါမြင့်က စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားစေရန်၊ စာအုပ်စာပေမှအမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ လူငယ်လူရွယ်များစာဖတ်သည့် အလေ့အကျင့်ကောင်းများကိုရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ Youth Club အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်ကျောင်းသား၊ ကျောင်းသူများက ထူးချွန်မှုနဲ့ထူးခြားမှု၊ ပညာခေတ်နဲ့အမျိုးသမီးတို့ကဏ္ဍ၊ လူငယ်တွေအတွက် လူကြီးများရဲ့တာဝန်အခန်းကဏ္ဍများအား ဖတ်ကြား၍ အပြန်အလှန်ဆွေးနွေးပြီး စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်ဦးစီးဌာနအနေဖြင့် ယခုကဲ့သို့စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းအပြင် ပြည်သူ့စာကြည့်တိုက်ရှိသုတ၊ ရသစာအုပ်စာစောင်မျိုးစုံတို့ကို စာပေချစ်မြတ်နိုးသူစာဖတ်ပရိသတ်များအား အခမဲ့ငှားရမ်းဖတ်ရှုနိုင်ရန်ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။   

ထားထားဦး(ပြန်/ဆက်)