မြေပုံ ဖေဖော်ဝါရီ ၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေ းကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက် (၂)လမှ(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက် ကျွေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်တွင်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာ၌ အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ ၊ ပိုလီယို၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးပါးရောင်၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုးစသည့် ကာကွယ်ဆေးများကို သတ်မှတ်အသက်၊ သတ်မှတ်ဆေးထိုးရက်အလိုက် ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအား မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင်လည်းကောင်း၊ ကျေးရွာအုပ်စုများတွင်လည်း ကျေးရွာများ၌ ဆေးထိုးစုရပ် သတ်မှတ်သည့်နေရာများသို့ ကွင်းဆင်း၍ ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးနှံတိုက်ကျွေးပေး လျက်ရှိကြောင်း သိရသည်။
တင်ဝင်း(ပြန်/ဆက်)