သတင်းများ

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကျင်းပ
Feb 07,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံးရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း အမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပြည်သူများ စိတ်အပန်းဖြေနိုင်ရန်အတွက် ပွင့်မာလာပန်းဥယျာဉ်ခြံတွင် ပန်းအလှပျိုးပင်များ စုပေါင်းစိုက်ပျိုး ဆောင်ရွက်
Feb 07,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဒေသခံပြည်သူများ စိတ်အေးချမ်းစွာ အပန်းဖြေနိုင်ရန်အတွက် ပွင့်မာလာပန်းခြံ၌ ပန်းအလှပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်တွင် လူငယ်‌ရေးရာ အသိပညာပေးဟောပြောပွဲ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Feb 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ၊ ကျောင်သား/ကျောင်းသူများ ဗဟုသုတများ တိုးပွားစေရန်၊ နိုင်ငံ့သားကောင်းရတနာများ တိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီတွင် ရွှေပြည်သာမြို့နယ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ လောက်ကိုင်မြို့၌ ကျင်းပပြုလုပ်
Feb 07,2023
ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ကြွယ်ဝလာစေရန်ရည်ရွယ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ယနေ့ နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ခန်းမဆောင်တွင် (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ စောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘားအံတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ ဆောင်းရာသီအားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်း အနားကျင်းပ
Feb 07,2023
ဘားအံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံဆောင်းရာသီအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အားကစားပြိုင်ပွဲ ပိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံတက္ကသိုလ်၊ ပတ္တမြားနယ်မြေရှိ တက္ကသိုလ်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။
ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်
Feb 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြင့်မား‌စေရန် ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်‌စေရန်အတွက် မြို့နယ်စင်ပင်သာယာရေးအဖွဲ့ရုံးနှင့် မြန်မာ့စာတိုက်လုပ်ငန်းရုံးများသို့ သွားရောက်၍ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေ့စဉ်သုံးအခြေခံ ထိုင်းဘာသာစကားပြောသင်တန်းဖွင့်ပွဲနှင့် နိုင်ငံတကာ Enthanting Myanmar Health & Safety Protocol အသိအမှတ်ပြုတံဆိပ်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Feb 07,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၆)ရပ်၊ အောင်မြေသာရပ်ကွက်ရှိ Heritage Hotel အစည်းအဝေးခန်းမတွင် ၊ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှဦးစီးကျင်းပသော နေ့စဉ်သုံးအခြေခံ ထိုင်းဘာသာစကားပြောသင်တန်းဖွင့်ပွဲနှင့် နိုင်ငံတကာ Enthanting Myanmar Health & Safety Protocol အသိအမှတ်ပြုတံဆိပ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်အချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ပြင်ဦးလွင်မြို့နယ် သမဝါယမအသင်းစုမှ Daedong စက်ဝယ်ယူသည့် အခြေခံသမဝါယမအသင်း များသို့ အကျိုးခံစားခွင့်များထုတ်ပေး
Feb 07,2023
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် သမဝါယမအသင်းစုမှ Daedong စက်ဝယ်ယူ ထားသည့် အခြေခံသမဝါယမအသင်း (၄) သင်းမှ Daedong စက်တန်ဖိုးများအား အပြေအကျေ ပေးဆပ်ခဲ့သည့်အတွက် အကျိုးခံစားခွင့် ၃၈ သိန်းကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ် သမဝါယမအသင်းစုတွင် လက်ဝယ်အရောက် ထုတ်ပေးခဲ့ကြောင်း သိရသည်။