မီးဘေးအန္တရာယ်ကျရောက်ပြီး ဘေးဒုက္ခခံရသူပြည်သူများထံသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများပေးအပ်

ဒဂုံမြောက် ဖေဖော်ဝါရီ ၇

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မြိုနယ်တိုင်းတွင် ဖွဲ့စည်းထားသည့် မြို့နယ်ကြက်ခြေနီအသင်းအသင်းခွဲမှ စေတနာ့လုပ်အားရှင်များသည် သဘာဝဘေးဒုက္ခကြရောက်သည့် အခါများတွင် အချိန်နှင့်တ‌စ်ပြေးညီ ကူညီ‌ဆောင်ရွက်ပေးလျက်ရှိရာ ဘေးအန္တရာယ်ကျရောက်ပြီး ဘေးဒုက္ခခံရသူ ပြည်သူများထံသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများ စောလျင်စွာထောက်ပံ့နိုင်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဖေဖော်ဝါရီ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်က  (၃၀) ရပ်ကွက်၊ သခင်ဘစိန်လမ်းမှ မီးလောင်မှုတွင် မီးဘေးသင့်မိသားစုအား ယမန်နေ့ ညနေ ၆ နာရီက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ ပေးအပ်သည့်ပစ္စည်းများအား မြိုနယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဦးသန်း‌အောင်မိုးမှတဆင့် အိမ်တိုင်ရာရောက်ထောက်ပံ့ ပေးအပ်ခဲ့‌ကြောင်း သတင်းရသည်။

မြင့်မြင့်ရီ