ဒက္ခိဏသီရိမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

နေပြည်တော် ဖေဖော်ဝါရီ ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ (လူငယ်၊ လူရွယ်)များအနေဖြင့် ပြည်ထောင်စုနေ့သမိုင်းအကြောင်းအရာများ ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာခြင်းဖြင့် ပိုမိုတန်ဖိုးထား လေးစားမြတ်နိုးခြင်း၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်တည်တံ့ခြင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများထံ သွားရောက်ဖြန့်ဝေကြသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားသော မိန့်ခွန်းမှကောက်နုတ်ချက်၊ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ဆောင်ပုဒ်၊ ကဗျာနှင့်ဆောင်းပါးများ၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၏ အဓိပ္ပာယ် စသည့်အကြောင်းအရာများပါဝင်သော အဆိုပါ "သတင်းစကား" လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်ဝေခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)