သန်လျင် ဖေဖော်ဝါရီ ၈
ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာအုပ်စု ကျောင်းကံကွင်းကျေးရွာကျေးလက်ရေပေးရေးလုပ်ငန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် အဆိုပါကျေးရွာ၌ကျင်းပသည်။
ရှေးဦးစွာ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သိုက်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်အေးအေးကြူက လုပ်ငန်းဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် မြေအလှူရှင်ဒေါ်သိန်းမြင့်အား သန်လျင်မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မြတ်မြတ်မော်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။ ယင်းနောက်ကျောင်းကံကွင်းကျေးရွာပြည်သူ့များကိုယ်စား ကျေးရွာရေကော်မတီဥက္ကဋ္ဌဦးတင့်နိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက်မင်္ဂလာအချိန်တွင် ကျေးလက်ရေပေးရေးလုပ်ငန်းအား တာဝန်ရှိသူများက ဖဲကြိုးပြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)