ချမ်းမြသာစည် ဖေဖော်ဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိ ပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အမှတ် (၃၅)နှင့် အမှတ် (၃၆)အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းသား/သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ၁၂-၂-၂၀၂၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ နေ့ ဖဆ ပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင်ပြောကြားသော မိန့်ခွန်းမှကောက်နုတ် ချက်၊ စည်းလုံးညီညွတ်မှုမှသည် ထာ၀ရငြိမ်းချမ်းရေးဆီသို့ ဆောင်းပါး၊ ကဗျာနှင့်သရုပ်ဖော်ကာတွန်းများ စသည်တို့ပါရှိပြီး လက်ကမ်းစာစောင် စုစုပေါင်း (၇၅၀)စောင်ကိုဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)