ရွှေပြည်သာ ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောသရုပ်ပြပွဲတွင် ရွှေပြည်သာမြို့နယ် အားကစားမှူး ဦးဇော်ဇော်လင်းက ကျောင်းသား/ကျောင်းသူများအား အားကစားဆိုင်ရာများနှင့် လူငယ်ရေးရာများ အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ တိုက်ကွမ်ဒို အဖွဲ့၊ Fitness Dance အဖွဲ့တို့မှ သရုပ်ပြသကြပြီး တာဝန်ရှိသူများမှ ဂုဏ်ပြုဆုငွေများ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းဌေးထံသို့ ခရိုင်အားကစားမှူး ဦးစီးအရာရှိ ဦးသက်ထွန်းစိုးမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
နေမျိုးထွန်း(ရွှေပြည်သာ)