သတင်းများ

ရွှေကျင်မြို့တွင် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှု ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Feb 09,2023
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှဦးဆောင်ကြီးမှူး၍ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ရွှေကျင်မြို့ မကျည်းတန်းရပ်ကွက် မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မက်မန်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး နံရံကပ်စာစောင်များပြသခြင်း ဆောင်ရွက်
Feb 09,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဆောင်ရွက်မှုများ၊ ဒေသဖွံ့ဖြိုးရေးလှုပ်ရှားမှုများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးဆောင်ရွက်ချက်များအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့မျက်နှာစာ မြေစိုက်ဘုတ်တွင် ယနေ့နံနက် (၁၀) နာရီအချိန်တွင် ပြသခဲ့သည်။
နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား သွင်းအားစုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Feb 09,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင်  နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နတ်တလင်းခရိုင်အတွင်းရှိ နွေစပါးစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများ စပါးအထွက်နှုန်းတိုးတက်စေရေးအတွက် လိုအပ်သော သွင်းအားစုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နတ်တလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တာမိုးညဲမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာကျောင်းများသို့ ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
သန်လျင်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Feb 09,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် သန်လျင်မြို့ မြို့ဟောင်းအလယ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(မြို့ဟောင်း)၌ ကျင်းပသည်။
သုံးခွမြို့နယ် Community Centre ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ
Feb 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်လူထုအခြေပြုဗဟိုဋ္ဌာန Community Centre ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးTalk Show ကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကော့မှူးမြို့နယ် အဖျောက်ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ
Feb 09,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အဖျောက်ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါလမ်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း ၂ဝ၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်​ရောက်
Feb 09,2023
၂ဝ၂၃ ခုနှစ်၊ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ​​ဖေ​ဖော်ဝါရီလ ၇ ရက်​နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အဆင့်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီဝင်များ တက်​ရောက်ခဲ့​သည်။