ဆင်ပေါင်ဝဲမြို့ အလင်းရတနာ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး၊‌ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ အလင်းရတနာ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ  တက်ရောက်လာကြသော မြို့နယ်မိခင်နှင့် ကလေး/အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်နီဟွေဆုန်နှင့်အဖွဲ့ဝင်များ၊ မိဘများအား ပြိုင်ပွဲဝင် သားငယ်၊ သမီးငယ်လေးများက ကဗျာများရွတ်ဆိုသီဆိုခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် အာလူးကောက်ပြိုင်ပွဲ၊ ဘူးဆင့်ပြိုင်ပွဲ၊ 1-2-3 ကပ်တူရာရွေးချယ်ပြိုင်ပွဲ၊ ကြိုးထိုးပြိုင်ပွဲ၊ ပန်းချီဆေးချယ်ပြိုင်ပွဲ၊ မုန့်ကိုက်ပြိုင်ပွဲနှင့် စကောရွက် ပြိုင်ပွဲများဖြင့် ယှဉ်ပြိုင်ခဲ့ကြရာ သားငယ်(၄) ဦး၊သမီးငယ်(၇) ဦး စုစုပေါင်း(၁၁)ဦးမှ ပျော်ရွှင်စွာပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး ပြိုင်ပွဲများအပြီးတွင် မြို့နယ်မိခင်နှင့် ကလေး/အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်နီဟွေဆုန်နှင့်အဖွဲ့ဝင်များ၊ မိဘများအား ပြိုင်ပွဲဝင်သားငယ်၊ သမီးငယ်လေးများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)