နတ်မောက်မြို့နယ်တွင် ကုလားပဲသီးနှံများ စတင်ရိတ်သိမ်း

နတ်မောက် ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ကုလားပဲသီးနှံ စိုက်ပျိုးထားသည့် တောင်သူများသည် ကုလားပဲသီးနှံများ ရင့်မှည့်လာပြီဖြစ်၍ စတင်ရိတ်သိမ်းနေပြီဖြစ်သည်ကို တွေ့ရသည်။

နတ်မောက်မြို့နယ် ကျေးရွာများရှိ တောင်သူများသည် ကုလားပဲသီးနှံများကို ၂၀၂၂ခုနှစ်၊ အောက်တိုဘာလကုန်ရက်နှင့် နိုဝင်ဘာ ပထမပတ်တို့တွင် စတင်စိုက်ပျိုးခဲ့ကြပြီး သက်တမ်း(၃)လရှိချိန်တွင် ကုလားပဲသီးနှံများ ရင့်မှည့်လာကြကြောင်း ကုလားပဲသီးနှံရိတ်သိမ်းခြင်းလုပ်ငန်းကို လယ်ယာလုပ်သားများအား နေ့စားခေါ်ယူခြင်း၊ မိသားစုလုပ်အားဖြင့် ပူးပေါင်းရိတ်သိမ်းခြင်းများဖြင့် လုပ်ဆောင်နေကြကြောင်း စျေးသာကျေးရွာ တောင်သူ  ဦးကိုနီက ပြောသည်။

ယခုနှစ် ကုလားပဲသီးနှံစိုက်ပျိုးရာတွင် ရွှေဝါလုံးသေး၊ ရွှေဝါလုံးကြီး ကုလားပဲအဖြူ(လုံးသေး)များကို စိုက်ပျိုးထားကြရာ ရွှေဝါလုံးသေး၊ ရွှေဝါလုံးကြီး ကုလားပဲသီးနှံမျိုး စိုက်သူများက စတင်ရိတ်သိမ်းနေကြပြီး ကုလားပဲ(ဖြူ)လုံးသေး စိုက်ပျိုးထားသူများ၏ ကုလားပဲစိုက်ခင်းများမှာ သက်ကြီးမျိုးဖြစ်၍ နောက်ကျမှ ရိတ်သိမ်းရမည်ဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

မူမူစန်း