သတင်းများ

ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၌ ဂဟေဆက်သင်တန်းဆင်း
Feb 10,2023
ကရင်ပြည်နယ်အတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုနောင်ရေးအတွက် တစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်နေထိုင်နိုင်ရေး ရည်ရွယ်ဖွင့်လှစ်သည့် ဂဟေဆက်သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီခန့်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ဘားအံ) ၌ ကျင်းပသည်။
လပွတ္တာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး Talk Show ပြုလုပ်
Feb 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စု နေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ကို ယနေ့ နံနက်(၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။
ကမာရွတ်မြို့နယ်တွင် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် စာကြည့်တိုက်အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Feb 10,2023
ကျောင်းသား၊ ကျောင်းသူများကို ကျောင်းစာမှရရှိသည့် အသိပညာများအပြင် ပြင်ပဗဟုသုတများ ရရှိနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက် ၁၁ နာရီက အမှတ် (၂)ရပ်ကွက်ရှိ အမှတ်(၁)အ​ခြေခံပညာမှုကျောင်းတွင်  နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် စာကြည့်တိုက်အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများ ခင်းကျင်းပြသ
Feb 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများခင်းကျင်းပြသခြင်းကို ယနေ့နံနက် ၉ နာရီက အထက(ဟိုနား)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းကြက်ခြေနီအသင်းခွဲငယ်များသို့ ကျောင်းသုံးနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများပေးအပ်
Feb 10,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်၊ ဂျာမဏီနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွတ်သည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဖွဲ့စည်းပုံနှင့် စွမ်းဆောင်ရည်များ မြှင့်တင်ရေးစီမံချက် (SSDRMC) project ၏ပံ့ပိုးကူညီမှုဖြင့် စီမံချက် လုပ်ငန်း ဆောင်ရွတ်ခဲ့သည့် အခြေခံပညာ စာသင်ကျောင်း (၁၀) ကျောင်းသို့ကျောင်းသုံးပစ္စည်းနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို (၉-၂-၂၀၂၃) နေ့မှစ၍ မြို့နယ်ကြက်ခြေနီအသင်းမှ သက်ဆိုင်ရာကျောင်းများသို့ လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်
Feb 10,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က ပြည်ထောင်စုနေ့အကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
မြောင်းမြမြို့ စကမြားကျေးရွာ၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးများ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်က မြောင်းမြမြို့ စကမြားကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်၊ ကနိကျေးရွာ အ.ထ.က ကျောင်း၌ "လူငယ်စကားဝိုင်း" ကျင်းပ
Feb 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီး ကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့်လူတော်၊​လူကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန် ထက်မြက် သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က ဖျာပုံမြို့နယ် ကနိကျေးရွာအုပ်စု၊ အထကကျောင်း၊ ကျော်ဇံဦးခန်းမ၌ ကျင်းပပြုလုပ်သည်။