လပွတ္တာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး Talk Show ပြုလုပ်

လပွတ္တာ ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စု နေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ကို ယနေ့ နံနက်(၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) အစီအစဉ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြည်ထောင်စုစိတ်ဓာတ်၊ စည်းလုံးညီညွတ်ခြင်းအားဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိနိုင်သည့်အကြောင်းတို့ကို ရှင်းလင်း ပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်လေးဝါက အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ ကို ရှင်းလင်းဆွေးနွေးကြသည်။

လပွတ္တာခရိုင် (ပြန်/ဆက်)