ကမာရွတ် ဖေဖော်ဝါရီ ၁၀
ကျောင်းသား၊ ကျောင်းသူများကို ကျောင်းစာမှရရှိသည့် အသိပညာများအပြင် ပြင်ပဗဟုသုတများ ရရှိနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက် ၁၁ နာရီက အမှတ် (၂)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာမှုကျောင်းတွင် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် စာကြည့်တိုက်အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အ.မ.က(၁)ကျောင်းမှ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့က ကျောင်းသား၊ ကျောင်းသူများအား ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို အချိန်ပေး၍ ဖတ်ရှုစေလိုကြောင်း၊ သုတစာပေနှင့် ရသစာပေများကို မြို့နယ်ပြန်/ ဆက် ပြည်သူစာကြည့်တိုက်တွင် အခမဲ့အသင်းဝင်၍ ငှားရမ်းဖတ်ရှုနိုင်ကြောင်းနှင့် လူငယ်ရေးရာအသိပညာပေးအနေ လူကုန်ကူးမှုမဖြစ်ပေါ်စေရန် လိုက်နာရမည့်အချက်များ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံဗီနိုင်းများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဗီနိုင်းများ၊ သုတ၊ ရသ စာအုပ်စာစောင်များပြသမှုကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြပြီး မြို့နယ်ပြန်/ ဆက်မှ ဦးစီးအရာရှိဒေါ်စိမ်းလဲ့က အ.မ.က(၁)ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များလှူဒါန်းရာ အ.မ.က(၁) ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ ဆက်)