မိုင်းဖြတ်မြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများ ခင်းကျင်းပြသ

မိုင်းဖြတ် ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများခင်းကျင်းပြသခြင်းကို ယနေ့နံနက် ၉ နာရီက အထက(ဟိုနား)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အထက(ဟိုနား)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်စိန်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က မြန်မာနိုင်ငံတွင် နေ့ထူးနေ့မြတ်များစွာရှိကြောင်း၊ ထိုနေ့များထဲမှ ပြည်ထောင်စုနေ့သည့် တိုင်းရင်းသားတို့၏ သွေးစည်းညီညွှတ်မှုကို ပြသခဲ့သည့်နေ့ထူးနေ့မြတ်ဖြစ်ကြောင်းနှင့် မြန်မာ့သမိုင်းတစ်လျှောက် မင်းအဆက်ဆက်အုပ်ချုပ်ခဲ့ပုံများ၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းများနှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းကို ရှင်းလင်းဟော ပြောခဲ့သည်။

ယင်းနောက် ဟောပြောပွဲအပြီးတွင် ဝန်ထမ်းများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို (အခမဲ့)ဖြန့်ဝေပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲများနှင့်  အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)