ခရမ်း ဖေဖော်ဝါရီ ၁၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်၊ ဂျာမဏီနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွတ်သည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဖွဲ့စည်းပုံနှင့် စွမ်းဆောင်ရည်များ မြှင့်တင်ရေးစီမံချက် (SSDRMC) project ၏ပံ့ပိုးကူညီမှုဖြင့် စီမံချက် လုပ်ငန်း ဆောင်ရွတ်ခဲ့သည့် အခြေခံပညာ စာသင်ကျောင်း (၁၀) ကျောင်းသို့ကျောင်းသုံးပစ္စည်းနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို (၉-၂-၂၀၂၃) နေ့မှစ၍ မြို့နယ်ကြက်ခြေနီအသင်းမှ သက်ဆိုင်ရာကျောင်းများသို့ လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စီမံချက်အရ အခြေခံပညာကျောင်းများတွင် ကျောင်းကြက်ခြေနီအသင်းခွဲငယ် ဖွဲ့စည်းခြင်း၊ ကြက်ခြေနီအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောခြင်း၊ ရှေးဦးပြုစုနည်းသင်တန်းများကို ခရမ်းမြို့ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ခင်မိုးလွင်နှင့် တပ်ဖွဲ့ဝင်များက ကွင်းဆင်းဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းများသို့ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် မက်စ် (၃၀) ဘူး၊ ဆပ်ပြာဆီ (၁၅) ဘူး၊ မှတ်စုစာအုပ် (၂၀) စီနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌပေးပို့သည့် မှတ်တမ်းတင်ဂုဏ်ပြုလွှာ၊ ကျောင်းအမည်ပါ ဗွီနိုင်းတစ်ချက် ကျောင်းသား/ကျောင်းသူတစ်ဦးလျှင် ဗလာစာအုပ်တစ်အုပ်၊ ခဲတံတစ်ချောင်း နှုန်းဖြင့် အသင်းခွဲအဖွဲ့ဝင် ကျောင်းသား၊ ကျောင်းသူ (၁၂၉၃) ဦးတို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)