သတင်းများ

ပုဏ္ဏားကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Feb 10,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
အမာမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး  မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို စာဖတ်သူများထံ လိုက်လံငှားရမ်းပေး
Feb 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော စာဖတ်ပရိတ်သတ်များထံ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင် များလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၁)နာရီက  (၂)ရပ်ကွက်အတွင်းရှိ စာငှားသူများထံသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 10,2023
၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုလွိုင်ကျေးရွာအုပ်စု၊ နားလော့ကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာအဝင်လမ်းသစ်တွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါ့သရောက်မြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုလက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 10,2023
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့(အ.ထ.က)ကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်းထမ်းများက သွားရောက်ကာ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ် အခြေခံပညာအထက်ကျောင်း(အင်းတိုင်)၌ လူငယ်စကားဝိုင်းကျင်းပ
Feb 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူငယ်လူရွယ်များ ဘက်စုံဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အင်းတိုင်) ငွေစံပယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Feb 10,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မယ်ဇလီကွေ့ကျေးရွာ အခြေခံပညာအထက်ကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်ပိုစတာပြပွဲ၊ သတင်းစကား အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်သည်။
အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ဝန်ထမ်းများ စာပေဗဟုသုတရရှိနိုင်​စေရန် ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Feb 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့်စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့   သွားရောက်ငှားရမ်းပေးသည်။
ဟုမ္မလင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာ စောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Feb 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား အသိပညာဗဟုသုတရရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲ အောက်မေ့အမှတ်ရစေရန်နှင့် စာအုပ်စာပေများမှရရှိသော စာပေ၏ အကျိုးကျေးဇူး အကြောင်းများ သိရှိစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် (၁၁)နာရီက ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာ အ.လ.ကကျောင်းတွင် အသိပညာပေး ဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။