ကျိုက်ထို ဖေဖော်ဝါရီ ၁၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က ပြည်ထောင်စုနေ့အကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး Talk Show အစီအစဉ် ပြုလုပ်သည့်ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး မူလွန်(၁)ကံ့ကော်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမွန်က ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံအကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် နေထိုင်ဆောင်ရွက်သင့်ကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူ အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)