သတင်းများ

ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျောင်းသား/သူများဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက် အထွေထွေဗဟုသုတဉာဏ်စမ်းပြိုင်ပွဲကျင်းပ
Feb 10,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့်
ဝေါမြို့နယ်၌ စားသုံးသူများကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ
Feb 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပဲခူးခရိုင်၊ စားသုံးရေးရာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက စားသုံးသူများ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ကျိုက်မရောမြို့ အ.ထ.က ကျောင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲကျင်းပ
Feb 10,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအလယ်တန်းအဆင့် အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲကို ယနေ့နေ့လည် တစ်နာရီ က အ.ထ.က ကျိုက်မရော ကျောင်းဆောင်သစ်၌ ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ပဒုမ္မာလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်
Feb 10,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ပဒုမ္မာလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် အဆိုပါလမ်းသစ်၌ ကျင်းပသည်။
ရွှေဘိုအ.ထ.က(၂)တွင် လူငယ်စကားဝိုင်းကျင်းပ
Feb 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘိုခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ခရိုင်လူငယ်​ရေးရာ​ကော်မတီနှင့် ပညာ​ရေးဌာနတို့ ပူး​ပေါင်းကာ အမှတ်(၂) အခြေခံပညာ အထက်တန်း​ကျောင်း​ရွှေရတုခန်းမတွင် ယနေ့ နံနက်ပိုင်းက လူငယ် စကားဝိုင်း ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၊ အခြေခံပညာစာသင်ကျောင်းများတွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေး
Feb 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ် မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်  သတင်းလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်းများသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကလေးပြိုင်ပွဲကျင်းပ
Feb 10,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကလေးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၃၁ လမ်း၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြားရှိ ရွှေဘုံသာဘုရားဝန်းအတွင်း ပြုလုပ်ခဲ့သည်။
ဒိုက်ဦးမြို့နယ်လက်ခုပ်ကွင်းကျေးရွာ အ.လ.က(ခွဲ)တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ
Feb 10,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ လက်ခုပ်ကွင်းကျေးရွာ၊ အ.လ.က(ခွဲ)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့ နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။