မော်လိုက်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 11,2023
၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် အနှစ်သာရများကို ကျောင်းသား/ ကျောင်းသူများဖတ်ရှုပြီး နိုင်ငံအပေါ်ချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ်ရှင်သန်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသောသတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့က မော်လိုက်ခရိုင်ရုံး ဝန်ထမ်းများက စာသင်ကျောင်းများသို့ သွားရောက်ကာ အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။