သတင်းများ

(၇၆)နှစ်​မြောက် ပြည်​ထောင်စု​နေ့အထိမ်းအမှတ် ယင်းမာပင်၌ ထမနဲထိုးပြိုင်ပွဲ ကျင်းပ
Feb 10,2023
(၇၆)နှစ်​မြောက် ပြည်​ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် စစ်ကိုင်းတိုင်း​ဒေသကြီး၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်​ရေးအဖွဲ့၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယ​နေ့နံနက်ပိုင်းက ခရိုင်စု​ပေါင်းရုံးဝင်းအတွင်း၌ ကျင်းပ​သည်။
ကျိုက်ထိုမြို့နယ်၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်ရေးရာ ဟောပြောပွဲနှင့် စွမ်းရည်ပြိုင်ပွဲများကျင်းပ
Feb 10,2023
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ပူးပေါင်း၍ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်ရေးရာဟောပြောပွဲနှင့် စွမ်းရည်ပြိုင်ပွဲများ နယ်လှည့်ကွင်းဆင်း‌ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၂) အခြေခံပညာမူလတန်းလွန်ကျောင်း (မြောက်ပိုင်း) ၌ ကျင်းပခဲ့သည်။
မြောင်းမြမြို့နယ်တွင် ဂျူဒိုအားကစားသင်တန်းဆင်းပွဲ ကျင်းပ
Feb 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် (JUDO IN SCHOOL) အစီအစဉ်အရ အ.ထ.က(၂) ရေတွင်းရေကန်နှင့် မြန်မာဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်း ဖွင့်လှစ်သော ဂျူဒိုအားကစားသင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀:၃၀)အချိန်က အ.ထ.က(၂)ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Feb 10,2023
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ စာရေးဆရာနတ်သျှင်(ရွှေဂူ)ရေးသားသော  “လူငယ်များ၏ရွှေရောင်မနက်ဖြန်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ပင်းတယမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
Feb 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ အားပွေးလှကျေးရွာအုပ်စု၊စ င်္ကြာကုန်းကျေးရွာ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့ရှိနေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း မီးသတိမူရေးကွင်းဆင်းစစ်ဆေးအကြံပေး
Feb 10,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်ရှိနေအိမ်များ မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးအောင်မြတ်လင်းနှင့် တပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း အကြံပြုစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
(၇၆)နှစ်မြောက် ပြည်‌‌ထောင်စုနေ့ အထိမ်းအမှတ်ငါးချဉ်ပိုင်း(မူလွန်)ကျောင်း၌ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်များပြသ
Feb 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  ငါးချဉ်ပိုင်း(မူလွန်)ကျောင်း၌  ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပိုင်ကျုံမြို့ အ-မ-ကပိုင်ကျုံမြန်မာစုကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Feb 10,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက်၊ အ-မ-ကပိုင်ကျုံမြန်မာစုကျောင်း၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ညက ကျင်းပပြုလုပ်ခဲ့သည်။