သတင်းများ

ပေါက်တောမြို့နယ် တောင်ညိုကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်း ကျင်းပ
Feb 11,2023
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့  ညနေပိုင်းက ပေါက်တောမြို့နယ် တောင်ညိုကျေးရွာရှိ အလက(ခွဲ)ကျောင်းစုပေါင်းခန်းမ၌ ကျင်းပသည်။
၂၀၂၃ခုနှစ်၊(၇၆)ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသည့် အထိမ်းအမှတ် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပျိုးပင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား မုံရွာမြို့၌ ကျင်းပ
Feb 11,2023
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုး‌ရေးဦးစီးဌာနမှ ကြီးမှူးပြီး မုံရွာမြို့နယ်အတွင်းရှိ တောင်သူများအတွက် မိမိတို့စိုက်ပျိုးထားသော ဟင်းသီး ဟင်းရွက်၊သစ်သီးဝလံနှင့် ပျိုးပင်များစျေးကွက်တွင် အရည်အသွေးမှီ ရောင်ချနိုင်ရေးအတွက် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊(၇၆)ပြည်ထောင်စု နေ့အား ကြိုဆိုဂုဏ်ပြုသည့် အထိမ်းအမှတ် ဟင်းသီးဟင်းရွက်၊သစ်သီးဝလံနှင့် ပျိုးပင်ပြိုင်ပွဲနှင့် ဆုချီးမြှင့် ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုး‌ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စိုက်ပျိုး ရေးဦးစီးမှူး ဦးဝင်းလှိုင်ဦး၊ တိုင်းခရိုင်မြို့နယ်အဆင့် စိုက်ပျိုးရေးဦးစီးဌာနမှ အရာထမ်းများနှင့် အမှုထမ်းများ၊တောင်သူများ တက်ရောက်ခဲ့ကြသည်။
မြို့နယ်ရဲတပ်ဖွဲ့မှ အ.ထ.က(မြေပုံ)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Feb 11,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြို့နယ်ရဲတပ်ဖွဲ့မှ အထက(မြေပုံ) ကျောင်းသား/သူများ အားမူးယစ်ဆေးဝါးအန္တရာယ် အသိ ပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က အ.ထ.က (မြေပုံ)ရှိ ဦးစိန္တာအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
အမ်းမြို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Feb 11,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ သင်တန်းသားအမျိုးသမီးငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဝိုင်းဖွဲ့ဦးဆောင် ဆွေးနွေးသည့် အလေ့အထများ ရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေး ခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေရန်၊ အကောင်း၊ အဆိုး အမှား၊ အမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့်သတ္တိ ရှိစေပြီး နုတ်မှုစွမ်းရည်များ တိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်နာရီ ၁ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကတ္တရာလမ်းသစ်ဖွင့်ပွဲနှင့် ကျိုက္ခမီမြို့ ရှုခင်းသာပန်းခြံဖွင့်ပွဲအခမ်းအနား တက်ရောက်၊ ကျိုက္ခမီရေလယ် ဆံတော်ရှင်မြတ်ဘုရားကြီး ဖူးမြော်ကြည်ညို
Feb 11,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီ- ကဒတ်ထောက်- ကရင်သောင် ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းကသံဖြူဇရပ်မြို့နယ်၊ ကဒတ်ထောက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ
မြေပုံမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးစေရေး လူသားအားလုံးဆေးသုံးမျိုးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း(၂၀၂၃)မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲပြုလုပ်
Feb 11,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးစေရေး လူသားအားလုံးဆေးသုံးမျိုးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း(၂၀၂၃)မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းတည့်(၁၂)နာရီအချိန်ကမြို့နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ပြုလုပ်သည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို)ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Feb 11,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍(၇၆)နှစ် မြောက်ပြည်ထောင် စုနေ့အထိမ်းအမှတ် (အကြို)ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြပွဲများအား ယမန်နေ့နေ့လယ်ပိုင်းကအမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အထက အား/ကာသိပ္ပံကျေားင်းတို့၌ ကျင်းပပြုလုပ်ခဲ့သည်။
မအီမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်
Feb 11,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင့်စုနေ့အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့မှစတင်၍ ယှက်ပြိုင်ကစားလျက်ရှိပြီး ပြိုင်ပွဲဝင်အသင်း ၁၆ သင်းတို့က ရှုံးထွက်ပွဲစဉ်အနေဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။