သတင်းများ

မန်တုံမြို့နယ်တွင် မြန်မာနိုင်ငံအလေးများနေ့အကြို ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဖျော်ဖြေပွဲများ ကျင်းပ
Feb 10,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က မြန်မာနိုင်ငံကလေးများနေ့အကြိုကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဖျော်ဖြေပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Feb 10,2023
ပြည်သူလုထုအတွင်း စားသုံးနေသည့် အစားအစာများဘေးဥပါဒ်ကင်းရှင်းစေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် စားသုံးသူများ၏ အခွင့်အရေးအပြည့်အဝ ရရှိစေရန် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီအချိန်က စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပခဲ့သည်။
ရသေ့တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Feb 10,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နေ့လယ် ၁ နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
မက်မန်းမြို့နယ်၊ မင်းရန်အောင်အုပ်စု၊မင်းရန်အောင်ကျေးရွာတွင် သောက်သုံးရေခက်ခဲသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ
Feb 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ မင်းရန်အောင်အုပ်စု၊ မင်းရန်အောင်ကျေးရွာတွင် သောက်သုံးရေခက်ခဲလျက်ရှိသော ဒေသခံပြည်သူများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦသိန်းလွင်(ညွှန်ကြားရေးမှူးချုပ်)နှင့် အဖွဲ့ဝင်များသည် ယမန်နေ့က သွားရောက်တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ သန်လျင်၌ အသိပညာပေးဆွေးနွေး
Feb 10,2023
လူမှုဝန်ထမ်းဦးစီးဌာနက စီစဉ်ကျင်းပသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီတွင် သန်လျင်မြို့ရှိ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိုးမောက်မြို့နယ်၌ ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်ရန်ပုံငွေတို့ဖြင့် တည်ဆောက်သောလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 10,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် မြို့နယ်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များသည်
မန်တုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲဆောင်ရွက်
Feb 10,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် မိုးခရမ်းသီးစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Feb 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် ဟင်းသီးဟင်းရွက်ပင်များဖြစ်သည့် ချဉ်ပေါင်၊ ကန်ဇွန်း၊ ငရုတ်သီး၊ ရုံးပတီ၊ ဘူးသီး၊ သခွားသီး ကျောက်ဖရုံသီးများစိုက်ပျိုးသည့်အပြင် မိုးခရမ်းသီးများလည်း စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။