ကျောက်တံခါး ဖေဖော်ဝါရီ ၃
မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်နည်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးဒေါ်ခိုင်ဇာလင်းက ယခုအခါခြောက်သွေ့သော ရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုကြောင့် ပြည်သူလူထုနှင့် ဌာနဆိုင်ရာများ၏ အဆောက်အဦပစ္စည်းများ မီးလောင်ဆုံးရှုံးမှုမရှိစေရေးဂရုပြုကြရန်၊ မီးဘေးလုံခြုံရေးနှင့် မီးလောင်မှုဖြစ်ပွားလာပါက ကိုယ်တိုင်ဆောင်ရွက်နိုင်ရေးအတွက် ဂက်(စ်)အိုးမီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးဖြင့်မီးငြှိမ်းသတ်နည်း၊ ရေဖျန်းမီးငြှိမ်းသတ်နည်းစသည့် ဆောင်ရွက်ရမည့် အခြေအနေများကို အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကျောက်တံခါးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန်းတင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ စိတ်ပါဝင်စားသူပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)