မိုင်းရှူးမြို့အတွင်းရှိ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မိုင်းရှူး ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးဆိုင်ရာကိစ္စများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးခန်းမ၌ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးအသိပညာပေး ဟော‌ပြောပွဲ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းဇင်ဖြိုးက မီးလောင်ကျွမ်းမှုပုံစံအမျိုးအစားများ၊ စက်သုံးဆီဆိုင်များ၊ မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းရင်းများ၊ အရေးပေါ်မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအကြောင်း ဟောပြောပြီး မီးသတ်‌ဆေးဗူးအသုံးပြုပုံနှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာပစ္စည်းများ လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)