ချောင်းသာမြို့တွင် လစဉ်မွေးကင်းစကလေးမှ တစ်နှစ်ခွဲအရွယ်ကလေးများအား ကာကွယ်ဆေးများ ထိုးနှံ

ချောင်းသာ ဖေဖော်ဝါရီ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ချောင်းသာမြို့တွင် လစဉ်မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးများကို ကာကွယ်ဆေးများအား ချောင်းသာမြို့ တိုက်နယ်ကျန်းမာရေးဆေးခန်းတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်မှ နေ့လယ် ၁၂ နာရီအချိန်အထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကလေးငယ်များအား ထိုးနှံပေးလျက်ရှိသည့် ကာကွယ်ဆေးများမှာ အသည်းရောင်အသားဝါ (ဘီ)၊ ပိုလီယို၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)နှင့် ငါးမျိုးစပ်ကာကွယ်ဆေးများကို အသက်အရွယ်အပိုင်း အခြားအလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင်လည်း ဆေးမထိုးမီ နာရီဝက်ခန့်နားနေစေပြီး ဆေးထိုးပြီးသော အခါတွင်လည်း နာရီဝက် ခန့် နားနေစောင့်ကြည့်ခြင်းဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချောင်းသာမြို့နေ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များကို လစဉ် လဆန်း (၃) ရက်နေ့တိုင်း ထိုးနှံပေးလျက် ရှိကြောင်း သိရှိရပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို  ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ အဆင်ပြေ ချောမွေ့စေရန်အတွက် Mobile နှင့် ကာကွယ် ဆေးထိုးနှံပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ချောင်းသာ (ပြန်/ဆက်)