သာပေါင်း ဖေဖော်ဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေ ပြေလည်ပြီးဆပ်ရန်ကျန်ရှိ တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ပြည်အေးခန်းမ၌ ကျင်းပသည်။ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးယူပြီး ငွေကြေးပြေလည်ပြီး ကြွေးဆပ်ရန်ကျန်ရှိ တောင်သူများမှ တစ်အုပ်စုလျှင်တောင်သူ(၅)ဦးစီခေါ်ယူတွေ့ဆုံကြရာ ကျေးရွာ အုပ်စု(၂၁)၊ ငွေကြေးပြေလည်ပြီး ကြွေးဆပ်ရန်ကျန် တောင်သူ(၈၅)ဦး တတ်ရောက်ကြပြီး၂၀၂၀ ခုနှစ် မိုး၊ ဆောင်း၊ ကိုဗစ် စိုက်ပျိုးစရိတ်ချေးငွေ ပေးဆပ်ရန်ကျန်ရှိ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးရခြင်းအကြောင်းရင်းအား ရှင်းလင်းပြောကြားပြီး ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီလတွင် ပထမအရစ်၊ မတ်လတွင် ဒုတိယအရစ် ပေးဆပ်မည်ဖြစ်ကြောင်း အပြေအကြေပေးဆပ်ရန် တောင်သူများက သဘောတူလက်ခံသဖြင့် ကျေးရွာအုပ်စု(၂၁)အုပ်စုမှ တောင်သူများ ဝန်ခံကတိပြုလက်မှတ်ရေးထိုးခဲ့ကြပြီး စိုက်ပျိုးစရိတ်ချေးငွေပေးဆပ်ရန်ကျန်ရှိ တောင်သူများထဲမှ(၂)ဦးက စိုက်ပျိုးစရိတ်ချေးငွေ အပြေအကြေပေးဆပ်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်