ဒိုက်ဦး ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန ဘက်ဂျက် ရန်ပုံငွေဖြင့် ထောက်ပံ့သည့် ၂၀၂၂-၂၀၂၃ဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်အသက်(၈၅) နှစ်နှင့်အထက် အဘိုး/အဘွား(၂၈၉)ဦးအတွက် တစ်ဦးလျှင် (၃၀၀၀ဝိ/-)နှုန်းဖြင့် (၂၄၈၇၀၀၀ဝိ/-)ကျပ်ထောက်ပံ့ရရှိခဲ့ရာ ယင်းထောက်ပံ့ငွေပေးအပ်ပွဲအား အခမ်းအနားဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များ ၊မြို့နယ်အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌဒေါ်သင်းသင်းခိုင်နှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်အမျိုးသမီးရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၇၀)ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)