မင်းတပ် ဖေဖော်ဝါရီ ၅
မင်းတပ်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ခေါနူးသုမ်ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်၌ အဆိုပါလမ်းပေါ်တွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးသန်းနှင့် မြို့မိ/မြို့ဖ ဦးလောရှိန်းအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်မြတ်ထွန်း၊ ခရိုင်မြို့/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့မိမြို့ဖများက ခေါနူးသုမ် ကတ္တရာလမ်းသစ်ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါ ခေါနူးသုမ် ကတ္တရာလမ်းသစ်ကို ပြည်နယ်ရန်ပုံငွေဖြင့် လမ်းအရှည်(၁၆၅၀)ပေ၊ လမ်းအကျယ်(၁၂)အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)