ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၅
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၏ ပဉ္စမအကြိမ်မြောက် A.G.D.I ဒီပလိုမာအပ်နှင်းပွဲအခမ်းအနားကို၊ ယမန် နေ့မွန်းလွဲ(၁)နာရီက အဆိုပါကျောင်းရှိ စုဝေးခန်းမတွင်ပြုလုပ်ခဲ့ ကြောင်းသိရသည်။
အခမ်းအနားတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ပန်းတောင်း) ကျောင်းအုပ်ဆရာမကြီးဦးဆောင်သော စီမံခန့်ခွဲရေးအဖွဲ့နှင့်ပညာရေးအဖွဲ့ဝင်ပုဂ္ဂိုလ်များသည်စင်မြင့်ထက်တွင် နေရာယူကြပြီး၊ ဒီပလိုမာရယူကြမည့် ကျောင်းသား၊ကျောင်းသူများက သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြသည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီးဒေါက်တာသီတာဆွေက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ပန်းတောင်း) ဒီပလိုမာအပ်နှင်းသည့် အခမ်းအနားကို ကျင်းပကြောင်းကြေညာ၍ ရှေ့ဦးစွာ A.G.D.I ဒီပလိုမာအပ်နှင်းရန် အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ပန်းတောင်း)စီမံခန့်ခွဲရေးအဖွဲ့နှင့်ပညာရေးအဖွဲ့ကပြဌာန်းကြေညာမည့်အကြောင်း၊ သက်ဆိုင်ရာဒီပလိုမာရရှိသူများကိုယ်စားဒေါ်မိုးသူခိုင် ကအဆိုပြုပြီး ကျောင်းအုပ်ကြီးနှင့် စီမံခန့်ခွဲရေးအဖွဲ့၊ ပညာရေးအဖွဲ့ဝင်များက အမေးအဖြေပြုလုပ်ကြပြီး၊ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ကမိန့်ခွန်းပြောကြားသည်။ယင်းနောက် အခမ်းအနားအစီအစဉ် အတိုင်းဆက်လက်ပြုလုပ်၍ ဒီပလိုမာလက်ခံရယူမည့် မောင်မယ်များအားစီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ပညာရေးအဖွဲ့တို့ကဒီပလိုမာလက်မှတ်များအသီးသီးပေးအပ် ချီးမြှင့်ကြပြီး၊ ကျောင်းအုပ်ကြီးမှ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
ယနေ့ပြုလုပ်သည့် အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ပန်းတောင်း)၏ ပဉ္စမအကြိမ်မြောက် A.G.D.I ဒီပလိုမာအပ်နှင်း ခြင်းအခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာသီတာဆွေနှင့် ဌာနမှူးများ၊ ကထိကများ၊ဆရာ/ဆရာမများ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဘာသာရက်အလိုက် ဒီပလိုမာရယူကြမည့် ကျောင်းသားကျောင်းသူများနှင့်မိဘများ စုစုပေါင်း (၁၀၀) ဦးခန့်တက် ရောက်ခဲ့ကြပြီး၊ ဒီပလိုမာအောင် လက်မှတ်များအား ကိုယ်တိုင်တက်ရောက်ရယူသူ(၃၁)ဦးနှင့် အဝေးရောက်ရယူသူ(၂၂)ဦး စုစုပေါင်း(၅၃)ဦးတို့ကို ပေးအပ်ခဲ့ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)