ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်အား ဖူးမြှော်ကြည်ညို၊ ပြည်နယ်သြဝါဒါစရိယ ဆရာ တော်ကြီးထံမှ ဩဝါခံယူ

စစ်တွေ ဖေဖော်ဝါရီ ၅

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများသည် စစ်တွေမြို့ပေါ်ရှိ လောကာနန္ဒာစေတီတော်မြတ်ကြီးအား ယမန်နေ့ နံနက်ပိုင်းက သွားရောက်ဖူး​‌မြော်ကြည်ညိုပြီး ပြည်နယ်သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါခံယူကြသည်။ 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ဇနီးနှင့်ပြည်နယ်  ဝန်ကြီးများသည် လောကာနန္ဒာစေတီတော်မြတ်အား ဖူးမြှော်ကြပြီးနောက် ပန်း၊ ရေးချမ်းနှင့် ဆီမီးများကို ပူဇော်ဆက်ကပ်ကြပြီး စေတီတော် ပရဝုဏ်အတွင်းရှိ စကြာမုနိ ရုပ်ပွားတော်အား ဖူး​မြှော်ခဲ့ကြသည်။

ထို့နောက် လောကာနန္ဒာ စေတီတော်ဝင်းရှိ သာသနာ့ဗိမ္မာန်တော်၌ ပြည်နယ်သြဝါဒါစရိယ ဆရာတောကြီးများနှင့် ဆရာတော်၊သံဃာတော်များအား ဖူးမြော်ကြည်ကြသည်။ ဆက်လက် ပြည်နယ်သြဝါဒါစရိယ စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက် ပဓာန နာယက အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ  ဆရာတော်ဘဒ္ဒန္တသောမထံမှ ငါးပါးသီလခံယူပြီး ဆောက်တည်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာတော်ဆိုင်ရာများ လျှောက်ထားကာ သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့​ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)