မိုင်းခတ်မြို့နယ်၌၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အ‌ရေးလုပ်ငန်းလိုင်စင်နှင့်သားသတ်လုပ်ငန်းလိုင်စင်များဈေးပြိုင်စနစ်ဖြင့်လေလံ ရောင်းချပွဲပြုလုပ်

မိုင်းခတ် ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၃-၂၀၂၄ခုနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များဈေးပြိုင်စနစ်ဖြင့်လေလံရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာနရုံးတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားတွင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးကအမှာစကား ပြောကြားပြီး ၊မိုင်းခတ်မြို့နယ် စည်ပင်သာယာရေးဌာနအမှုဆောင်အရာရှိဦးမြင့်နိုင်ဦးက လေလံစနစ်ရောင်းချခြင်းလုပ်ငန်း၏စည်းမျဉ်း၊ စည်းကမ်းများ၊ ဥပဒေများအကြောင်းရှင်းလင်းပြောကြားပြီး၂၀၂၃-၂၀၂၄ခုနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များလေလံတင်ရောင်းချခြင်းကို စတင်ရာလုပ်ငန်းအရပ်ရပ်အခွင့်အရေး လိုင်စင်တွင်(၄)ဦး ၊သားသတ်လုပ်ငန်းလိုင်စင်တွင်(၃)ဦးဝင်ရောက်ယှဉ်ပြိုင်ကြပြီး အရပ်ရပ်အခွင့်အ‌ရေးလုပ်ငန်းလိုင်စင်တွင်အနိုင်ရရှိသူ(၂)ဦးနှင့် သားသတ်လုပ်ငန်းလိုင်စင်တွင်အနိုင်ရရှိသူ(၂)ဦးတို့အားမြို့နယ်စည်ပင်သာယာရေးဌာနမှလေလံစည်းမျဉ်းစည်းကမ်းများနှင့်အညီ ‌လေလံရောင်းချပေးခဲ့ ကြောင်းသိရသည်။

မြို့နယ် ပြန်/ဆက်