(၇၆)နှစ်မြောက် ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗန်းမော်မြို့ ကန်သာယာပန်းဥယျာဉ် ဖွင့်လှစ်ပေး၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မား‌ရေးနှင့် ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့သူများအတွက် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးအပ်

ဗန်းမော် ဖေဖော်ဝါရီ ၅

ဗန်းမော်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစက်မှုလက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက်မြှင့် မားလာစေရေး၊ ဗန်းမော်ခရိုင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ယမန်နေ့နံနက် ၈ နာရီက ဗန်းမော်မြို့၏ အဓိကနေရာတစ်ခုဖြစ်သည့် မေတ္တာမွန် ရေကန် (ဂေါ်ရာကန်)အား အများပြည်သူ အပန်းဖြေ ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်နိုင်ရေး မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သည့် ကန်သာယာပန်းဥယျာဉ်ကို (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်ပေးခဲ့သည်။

ကန်သာယာပန်းဥယျာဉ်ဖွင့်ပွဲကို မေတ္တာမွန်ရေကန်(ဂေါ်ရာကန်)ရှေ့၌ ကျင်းပပြုလုပ်ရာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မောင်ထွေးက ကန်သာယာပန်းဥယျာဉ်အား အများပြည်သူ အပန်းဖြေအနားယူ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရေး အဆင့်မြှင့်တင် တည်ဆောက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန်သာယာ ပန်းဥယျာဉ်အား ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကန်သာယာပန်းဥယျာဉ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့သန့်ရှင်းသာယာလှပပြီး ဖွံ့ဖြိုးတိုးတက် လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး၊ ထို့အပြင် အများပြည်သူအပန်းဖြေနိုင်ရေးနှင့် ကိုယ်ကာယ လေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရေး မေတ္တာမွန်ရေကန်နှင့် ကန်သာယာပန်းဥယျာဉ်ကို တည်ဆောက် ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူမိသလို အသုံးပြုသူများ အနေဖြင့်လည်း စည်းကမ်းရှိစွာ အသုံးပြုကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။ ယင်းနောက် ကန်သာယာပန်းဥယျာဉ်ဖွင့်ပွဲ အထိမ်းအမှတ် အမှုဆောင်အရာရှိက အမှတ်တရ ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် ဖွင့်ပွဲအခမ်းအနား တက်‌ရောက်လာသူများဖြင့် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

ထို့နောက် ဘင်ခရာတပ်ဖွဲ့နှင့် ပန်းပွားအဖွဲ့များက ဖျော်ဖြေတင်ဆက်မှုကို အားပေးကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကာ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖွင့်ပွဲအခမ်းအနား တက်ရောက်လာသူများနှင့်အတူ ပန်းဥယျာဉ် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး လာရောက်လည်ပတ်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သည် ဗန်းမော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသား/သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ‌တော်ကြီး တည်ဆောက်ရာတွင် လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ပညာရည်ပြည့်ဝ သော နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် ကြိုးစားမွေးထုတ်သွားရမည်ဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားလာစေရေး၊ ဆရာ/ ဆရာမများအနေဖြင့် သင် ကြားရေးစနစ်များကို လေ့လာသုံးသပ်ပြီး စနစ်တကျ သင်ကြားနိုင်ရေးနှင့် ကျောင်းသားလူငယ်မောင် မယ်များအနေဖြင့်လည်း ကြိုးပမ်းအားထုတ်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူ ဒေါ်ထုလွမ်က နှစ်အလိုက် တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်း တိုးတက်မြှင့်မားလာသည့် အခြေအနေများနှင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စားပေးပွဲ အောင်ချက် ပိုမိုတိုးတက်မြင့်မားလာ‌ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား/သူများအတွက် ထောက်ပံ့ငွေကို ထောက်ပံ့ပေးအပ်ခဲ့ရာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာ/ ဆရာမများကိုယ်စား ကျောင်းဆရာတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ထို့နောက် ကျောင်းဝင်းအတွင်း ကျောင်းဘင်ခရာနှင့် ပန်းပွားအကအဖွဲ့ လေ့ကျင့်ဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ အဆိုပါ ကျောင်းဝင်း အတွင်း တွဲဖက်ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းအတွက် မြေနေရာနှင့် (၉၆ ပေ၊ ၁၁၈ ပေ)ရှိ တစ်ထပ်ဆောင်စာသင်ဆောင် တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ယင်းနောက် ဗန်းမော်ခရိုင် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်ဖွံ့ ဖြိုးတိုးတက်‌ရေးအတွက် ကဏ္ဍစုံမှ စွမ်းစွမ်းတမံ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ကြသော ဗန်းမော် ခရိုင်အတွင်းမှ လူပုဂ္ဂိုလ်အဖွဲ့များအတွက် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်း အမှတ် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာအပ်နှင်းခြင်း အခမ်း အနားသို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဇန်နဝါရီ ၁၀ ရက်နေ့က ကျရောက်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ချက်များ၊ ပြည်နယ်တည်ငြိမ်းအေးချမ်းရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်စုံ ထောင့်စုံ၊ ကဏ္ဍစုံမှ မိမိတို့ အစိုးရအဖွဲ့နှင့်အတူ ဘက်စုံ၊ ထောင်စုံ၊ ကဏ္ဍစုံမှ ဝိုင်းဝန်းဆောင်ရွက်ခဲ့ ကြသူများအားလုံးကို ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ ပါကြောင်း၊ ယနေ့ ဗန်းမော်ခရိုင်အတွင်း ပြည်နယ်အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသူများအား အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့် အပ်နှင်းသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီး မြှင့်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်း အမှတ် ဂုဏ်ထူးဆောင်ဆုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် တာဝန်ရှိသူများက စီမံခန့်ခွဲရေးဆိုင်ရထူးချွန်ဆုရရှိသူများ၊ စီးပွားရေးဆိုင်ရာထူးချွန်ဆုရရှိသူများ၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆုရရှိသူများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီး ချီးမြှင့်အပ်နှင်းခဲ့ကြ ပြီး ဆုရရှိသူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် မွန်းလွှဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိသော ဗန်းမော်မြို့နယ် နန့်ဖားကျေးရွာရှိ ကွင်းအမှတ် ၁၆၈ နန့်ဖားကွင်း၌ တောင်သူများနှင့် ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံပြီး ပဲပုတ်နှင့် နေကြာ သီးညှပ် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေနှင့် ကွင်းအတွင်းရှိ တောင်သူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ် တောင်သူများအတွက် ဟင်းသီးဟင်းရွက်မျိုးစေ့ များ၊ ယူရီယားဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးအသိပပညာပေး လက်ကမ်းစာစောင်များကို ပေးအပ် ခဲ့ကြပြီး တောင်သူများအတွက် ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနိုင်ရေး၊ စိုက်ပျိုးရေ လုံလောက်မှုရှိ စေရေးအတွက် စက်ရေတွင်းနှင့် ဆိုလာရေတင်စနစ်ဖြင့် ဆောင်ရွက်ပေးနိုင်ရေး၊ မျိုးကောင်း မျိုးသန့် ရရှိရေး၊ နည်းစနစ်ကျသော စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှီုင်းဆောင်ရွက်ပေးခဲ့ကာ တောင်သူများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

ထို့နောက် ဗန်းမော်တက္ကသိုလ်အတွင်း တက္ကသိုလ်စာကြည့်တိုက် (၂၄၀ ပေ၊ ၄၀ပေ) RC အဆောက် အအုံသစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အဆောက်အအုံသစ်ကို ပြည်နယ်ဝန်ကြီး ချုပ်က ပြည်နယ်ဝန်ကြီးများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အဆောက်အအုံသစ်အတွင်း စာကြည့်တိုက် လုပ်ငန်းနှင့် သုသ/ရသစာအုပ်စာစောင်များ စုဆောင်းထားရှိမှုနှင့် စာငှားစာဖတ်လျက် ရှိသည့် ကျောင်းသား/သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြပြီး တက္ကသိုလ် ကြက်ခြေနီ အသင်းရုံး၌ ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများအား ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှု ကြည့်ရှုအားပေးခဲ့ကာ ကျန်းမာရေး ဝန်ထမ်းများအတွက် ‌ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် တက္ကသိုလ်မိန်းဆောင်ခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကာယဗလမောင်ပြိုင်ပွဲဝင် ၉ ဦးနှင့် ကာယအလှမယ်ပြိုင်ပွဲဝင် ၁၆ ဦးတို့ဖြင့် ကျင်းပပြုလုပ်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ကာယဗလမောင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများကလည်းကောင်း၊ ကာယအလှပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းနှင့် ပြည်နယ်ဝန်ကြီး များ၏ ဇနီးများက ဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထိုမှတစ်ဆင့် တက္ကသိုလ်ဘောလုံးကွင်းအတွင်း ကျင်းပပြုလုပ်သည့် ဗန်းမော်တက္ကသိုလ် အားကစား ပွဲကြည့်စင်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက အားကစားပွဲကြည့်စင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဘောလုံးကွင်းအတွင်း ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်အား တက္ကသိုလ်ဘာသာရပ်ပေါင်းစုံမှ အမျိုးသားဘောလုံး အသင်း ၉ သင်း၊ အမျိုးသမီးဘောလုံးအသင်း ၆ သင်းတို့က ဘင်ခရာနှင့် ပန်းပွားအဖွဲ့တို့နှင့်အတူ ပြည်နယ် ဝန်ကြီးချုပ်အား ချီတက်အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြား သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘောလုံးအသင်းများအား လိုက်လံ အားပေး နှုတ်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့် ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကာ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် သမိုင်း ဘာသာရပ်နှင့် ဓာတုဗေဒဘာသာရပ်အသင်းတို့၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့သည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအတွက် တက္ကသိုလ်တာဝန်ခံပါမောက္ခချုပ် ဦးသောင်းထိုက်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ပြီး  အမျိုး သမီးဘောလုံးပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးကစားသမားဆုရရှိသူများ၊ ပွဲစင်တစ်လျှောက် အကောင်းဆုံးကစားသမားဆုနှင့် ပထမ၊ ဒုတိယဆုရအသင်းများအား ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်းနှင့် ပြည်နယ်ဝန်ကြီးများ၏ ဇနီးများက တစ်ဦးချင်းဆုတံဆိပ်၊ လည်ဆွဲတံဆိပ်၊ ဂုဏ်ပြု ဆုငွေနှင့် တံခွန်စိုက်ဒိုင်းတို့အားလည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် တစ်ဦးချင်း ဆုတံဆိပ် ရရှိသူများနှင့် ပထမ၊ ဒုတိယဆုရအသင်းများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ခံ ပါမောက္ခချုပ်တို့က ဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက်ဒိုင်းတို့အား အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်