ကသာမြို့ အောင်မြေသာယာ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား (၁၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ကသာ ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ အေင်မြေသာယာ ဆုတောင်းပြည့်စေတီတော် မြတ်ကြီးအား (၁၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့်သစ်သီးကိုးထောင်၊ ပန်းကိုးထောင်၊ ဆီမီးကိုးထောင်၊ ဆွမ်းတော်ကြီးလောင်းလှူပူဇော်ပွဲတော်ကို ရပ်ကွက်(၈)၊ ပိန္နဲကုန်း မဟာ အောင်မြေသာစည်ကျောင်းတိုက်အတွင်း၌ ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မဟာအောင်မြေသာစည်  ကျောင်းတိုက်အတွင်းရှိ အောင်မြေသာယာ ဆုတောင်းပြည့် စေတီတော်

မြတ်ကြီးအား ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ ရပ်ကွက်သူ/ရပ်ကွက်သားများနှင့် ဧည့်ပရိတ် သတ်တို့မှ သနပ်ခါးမီးပုံထင်းများကပ်လှူပူဇော်ခြင်း၊ ဘုရားအနေကဇာတင်ခြင်း၊ သစ်သီးကိုးထောင်၊ ပန်းကိုးထောင်တို့ကို ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ဆွမ်းတော်ကြီးလောင်းလှူပွဲတွင် ကသာမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များမှ ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ စုစုပေါင်း (၁၈၀)ပါး ကျော်တို့ကို အလှူရှင်အပေါင်းတို့က အလှူငွေ၊ ဆွမ်းဆန်တော်များနှင့် အခြားလှူဖွယ် ပစ္စည်းများကို လှူဒါန်းခဲ့ကြသည်။

အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်နှင့် သစ်သီးကိုးထောင်၊ ပန်းကိုးထောင်၊ ဆွမ်းတော်ကြီးလောင်းလှူ ပူဇော်ပွဲတော်သို့ လာရောက်ကြသည့် ဧည့်ပရိတ်သတ်များအား စတုဒီတာ ထမင်း၊ ဟင်းနှင့် နှမ်းမနဲ အာဟာရများဖြင့် ဧည့်ခံကျွေးမွေးပြီး နှစ်စဉ်ကုသိုလ်ရှင် (ဦးခင်မောင်သန်း)+ဒေါ်သန်းလှ-မိခင်မေတ္တာနှင့် ကြယ်စင်ဟိန်းမိသားစုတို့မှ ဆွမ်းတော်ကြီးလောင်းလှူပွဲအပြီးတွင် ဘုရားရုပ်ပွား တော်(၁၆)ဆူ၊ ဆန်အိတ်၊ ဆီပုံး၊ ပုဆိုး၊ လုံချည်၊ ထီး၊ ဖိနပ်၊ စတီးချိုင့် အစရှိသည့် ဗလာမပါကံစမ်းမဲ စုစုပေါင်း (၃၀၀၀) မဲအား ကံစမ်းပြုလုပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျော်စွာ(ပြန်/ဆက်)