နတ်မောက် ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက်ဂေါပကအဖွဲ့၏ ဦးဆောင်မှုဖြင့် နတ်မောက်မြို့နယ် ဒေသခံပြည်သူများစုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေ ၄ နာရီ အချိန်က ဆုတောင်းပြည့်စေတီတော်ရင်ပြင်တွင် ကျင်းပခဲ့သည်။
နတ်မောက်မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတို့မှ ရဟန်းသံဃာတော်များ စိတ်အေးချမ်းသာစွာ သာသနာ့လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ကြစေရန်အတွက် ရပ်ကွက်ကျေးရွာများရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက ပင့်သံဃာ(၂၅၀)ပါးအတွက် ဆွမ်းဆန်နှင့် လှူဖွယ်၀တ္ထုပစ္စည်းများ ဆက်ကပ် လောင်းလှူခဲ့ကြကြောင်း သိရသည်။
လှဝင်း