မင်းလှ ဖေဖေါ်ဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အခြေပြုလုပ်ငန်းခွင်အကြို ရက်တိုဆရာအတတ်ပညာသင်တန်း (၁/၂၀၂၃)ဖွင့်လှစ်ပို့ချခြင်းကို အ.ထ.က မင်းလှ(မြို့ပြင်)ကျောင်းတွင် ယနေ့နံနက် ၉နာရီချိန်က စတင်ဆောင်ရွက်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူးဦးဖြိုးမင်းပိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းမှပို့ချသောဘာသာရပ်များကို သေချာလိုက်နာမှတ်သားကြရန် အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းကိုနည်းပြအဖြစ် ဒုတိယမြို့နယ်ပညာရေးမှူးဦးဖြိုးမင်းပိုင်ဦးဆောင်၍ မူအုပ်ဝါရင့်ဆရာကြီး၊ ဆရာမကြီးအပါအဝင်(၅)ဦးက သင်ကြားရေးလုပ်ငန်းခွင်ဝင်ရောက်မည့် လက်ထောက်(မူပြ) ဆရာ(၄)ဦး၊ ဆရာမ(၅၃)ဦး စုစုပေါင်း(၅၇)ဦးတို့အား နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥဒေ၊ ဝန်ထမ်းကျင့်ဝတ်၊ မူလတန်းအဆင့်ဆရာလမ်းညွှန်စာအုပ်များစသည့် ဘာသာရပ်များကို(၆)ရက်ကြာ နံနက်(၉)နာရီမှ ညနေ(၄)နာရီချိန် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)