ပိုင်ကျုံ ဖေဖော်ဝါရီ ၆
ကျောင်းသားလူငယ်များအား မူယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးများကို သိရှိစေရန်ရည်ရွယ်၍ ပညာရေးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို၊ (အ.ထ.က)ကျောင်း၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်ပြပွဲတွင် ဆေးလိပ်သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်လာသည့်ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏တိုက်တွန်းချက်၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများ၊ မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပြစ်ဒဏ်များ၊ ကဗျာများ၊ ကာတွန်းများ၊ ဓာတ်ပုံများနှင့် ဆောင်ပုဒ်များ ပါဝင်ပြသခဲ့သည်။
ထို့သို့ ပြသဆောင်ရွက်ခြင်းကြောင့် ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး၏အမျိုးအစားများ၊ စိတ်ကိုတက်ကြွစေတတ်သော စိတ်ကြွဆေးပြားများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် လူသားအရင်းမြစ်များဆုံးရှုံးပုံနှင့် နိုင်ငံတော်၏အချုပ်အခြာကိုထိပါးလာပုံ စသည့်အကြောင်းအရာများကို အသိပညာဗဟုသုတပိုမိုရရှိစေပါကြောင်း သိရသည်။
နော်ခူး