သတင်းများ

ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် 11 kv (1 in 3 Out) VCB Pannel များ အစားထိုး ဆောင်ရွက်
Feb 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ မြို့နယ်များသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားသည့် ဟင်္သာတမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံတွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်အတွက် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်ရန်ပုံငွေဖြင့် 11 kv (1 in 3 Out) VCB Pannel များ အစားထိုးပြုပြင်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၆ နာရီအချိန်ကစ၍ ပြုပြင်ဆောင်လျက်ရှိသည်။
ကျွန်းလှမြို့နယ်၌ ထိုင်ဝမ်ပြောင်း စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေ
Feb 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ထိုင်ဝမ်ပြောင်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ညောင်ဦးမြို့နယ်တွင် စပျစ်သီးစိုက်ပျိုးသည့် တောင်သူများအောင်မြင်ဖြစ်ထွန်းထပ်မံစိုက်ပျိုးသူများ ယခုနှစ်တွင်များလာ
Feb 06,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုနှင့်သစ်ထောင့်အုပ်စုရှိကျေးရွာများတွင် စပျစ်သီးနှံစမ်းသပ်စိုက်ပျိုးကြရာ အသီးသီးနှုန်းကောင်းမွန်နေခြင်းကြောင့် ဆွတ်ခူးရောင်းချချိန်ဈေးနှုန်း၊ ဈေးကွက်ကောင်းမွန်ဖို့သာမျှော်လင့်နေကြောင်း သစ်ထောင့်တောင်ကျေးရွာစပျစ်သီးနှံ တစ်ဧကခွဲစိုက်ပျိုးသည့် ဦးအေးကိုထံကသိရသည်။
ပလောက်မြို့တွင် ဂန္ဓာမာပန်းစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Feb 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် ဘုရားပန်းများဖြစ်သည့် မေမြို့ပန်း၊ ချယ်ရီပန်းများစိုက်ပျိုးသည့်အပြင် ဂန္ဓာမာပန်းများလည်း စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
လိပ်သိုဒေသထွက် ကင်ပွန်းသီးများစတင်ဆွတ်ခူး၍ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာရည်များထုတ်လုပ်
Feb 06,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများ၏ မြေလွတ်မြေရိုင်းနေရာများ၊ ဥယျာဉ်ခြံများ၊ မြစ်ချောင်းများ၏ သဘာ၀ပတ်ဝန်းကျင်နေရာ များတွင် သဘာဝအတိုင်းပေါက်ရောက်ရှင်သန်လျက်ရှိသည့် ကင်ပွန်းသီးများသည် ယခုအချိန်တွင် ကင်ပွန်းသီးများရင့်မှည့်ပြီဖြစ်၍ ဒေသခံအချို့က ဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပ
Feb 06,2023
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် မြို့မအနောက် အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်(၉)နာရီခွဲက စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြပွဲများ ကျင်းပခဲ့သည်။
ထိုင်းနေရပ်ပြန် မြန်မာနိုင်ငံသားများအား  လှိုက်လှဲစွာကြိုဆို
Feb 06,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲရှိသော မြန်မာနိုင်ငံသားများသည် တပ်မတော်(ရေ)မှ စစ်ရေယာဉ်ကျန်စစ်သားဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် သန်လျင်ခရိုင်  သန်လျင်မြို့ရှိ အမှတ်(၁)ဗျူဟာ စစ်ရေယာဉ်စု အမှတ်(၃)တံတားသို့ ရောက်ရှိကြသည်။
မိတ္ထီလာမြောက်ကန် သစ်တော့ပင်မြောင်း သဲနုန်းတူးဖော်ခြင်း၊ ရေတံခါးတပ်ဆင်ခြင်း၊ ရေပေးပြွန်များနှင့် ရေမြှင့်အဆောက်အအုံပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီး
Feb 06,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မိတ္ထီလာမြောက်ကန် သစ်တော့ပင်မြောင်း သဲနုန်းတူးဖော်ခြင်း၊ ရေတံခါးတပ်ဆင်ခြင်း၊ ရေပေးပြွန်များနှင့် ရေမြှင့်အဆောက်အအုံ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။