သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ ကျောင်းကြက်ခြေနီ အသင်းခွဲငယ် တာဝန်ခံအဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

သာပေါင်း ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် အမှုဆောင် အဖွဲ့ဝင်များ ကျောင်းကြက်ခြေနီအသင်းခွဲငယ် တာဝန်ခံအဖွဲ့နှင့် ဖေဖော်ဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၊ ကျောင်းအုပ်ကြီး ရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးကြရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကိုနိုင်နှင့် အမှုဆောင် အဖွဲ့ဝင်များက အသင်းခွဲငယ်များ ဖွဲ့စည်းရခြင်းနှင့် ပတ်သက်သော ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မြို့နယ်အသင်းခွဲသို့ ဆက်သွယ်နိုင်သော နည်းလမ်းများ၊ မြို့နယ်အသင်းခွဲမှ လာမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဆောင်ရွက်မည့် အစီအစဥ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထုတ်ဝေသော ကြက်ခြေနီလှုပ်ရှားမှု အကြောင်း သိကောင်းစရာစာအုပ်များ၊ ရှေးဉီးပြုစုခြင်း လက်ကမ်းစာစောင်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများအား မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌဦးကိုနိုင်နှင့် အမှုဆောင် အဖွဲ့ဝင်များမှ အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးနိုင်ဦး ထံသို့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)