ငပုတောမြို့နယ်၌ စာရှိန်မြှင့်တင်ရေး၊ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ငပုတော ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ ရေးဦးစီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးကုသရေးဦးစီးဌာန၊ ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာဦးစီးဌာနရှိ ကျောင်းများတွင်၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍  ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာ မူလတန်းကျောင်း တံခွန်တိုင်ကျေးရွာ၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်(တာဝန်ခံ) ဒေါ်မြင့်မြင့်စန်းက ကုန်အမှတ်အညွှန်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး၊ တိုင်းရင်းဆေးကုသရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်ဌေးနွယ်က ချောင်းဆိုးရောဂါနှင့် ပတ်သက်၍ ပြုမှုနေထိုင်ရမည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နုနုရီက ဗဟုသုတတိုးပွားရေးအတွက် စာပေများကို လေ့လာဖတ်ရှုကြရေးတို့ကို ဟောပြောဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများက စာအုပ်စာစောင်များကို စိတ်ကြိုက် ရွေးချယ် ဖတ်ရှုကာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မူးယစ်‌ဆေးဝါးအန္တရာယ်စသည့် အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားများ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ ( ၅၅ )ဦးအား ဆေးကုသပေးခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)