ဘားအံ ဖေဖော်ဝါရီ ၆
ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့မှကြီးမှူး၍ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပြည်ထောင်စုနေ့အကြောင်းအရာများကို ဗဟုသုတရရှိစေရန်ရည်ရွယ်၍ Kahoot Quiz Game ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက စာဖတ်ရှိန် မြှင့်တင်ရေး Kahoot Quiz Game ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၆၇)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အလယ်တန်းအဆင့်တွင် ပထမဆုကို နန်းသင်းပျံ့ပျံ့အေး၊ ဒုတိယဆုကို မောင်အောင်ဘုန်းမြတ်၊ တတိယဆုကို မဇင်ထက်ထက်၊ အထူးဆု(၁)ကို မောင်စွမ်းထက်ရဲရင့်နှင့် အထူးဆု(၂)ကို မဆင့်ဆင့်ရွယ်ရယ်တို့မှရရှိခဲ့ပြီး အထက်တန်းအဆင့်တွင် ပထမဆုကို နန်းဆုဝေဝေဖူး၊ ဒုတိယဆုကို စောရဲမင်းဇင်၊ တတတိယဆုကို နော်ကြည်ဖွေးသန့်၊ အထူးဆု(၁)ကို နန်းဖူးသစ်သစ်လင်း၊ အထူးဆု(၂)ကို နန်းမိုးမြတ်ကြယ်တို့မှ အသီးသီးရရှိခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)