မင်းဘူးမြို့၌ လူမှုရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မင်းဘူး  ဖေဖော်ဝါရီ  ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက လူမှုရေးရာ အသိပညာပေးဟောပြောပွဲကို ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမ (၃၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသစ္စာက လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ပင်မလုပ်ငန်းတာဝန်များဖြစ်သော ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် ကာကွယ်စောင့်ရှောက် ပေးနေမှုများ၊ ပံ့ပိုးကူညီပေးနေမှုများလည်းရှိပါကြောင်း၊ ထို့ကြောင့် ၎င်းတို့၏  ဖြစ်ပေါ်နေသော ပကတိအခြေအနေများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြသပြောကြားခဲ့ပြီး လိုအပ်ပါက ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များနှင့် အရေးကြုံလာသည့်အခါ တိုင်ကြားနိုင်သည့် နည်းလမ်းများကို ဆွေးနွေးဟောပြော၍ တက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ်  မကွေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသစ္စာက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)