ကျိုင်းတုံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောအားကစားပြိုင်ပွဲကျင်းပ

ကျိုင်းတုံ ဖေဖော်ဝါရီ  ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျိုင်းတုံတက္ကသိုလ် ဓမ္မိလပ်အားကစားရုံ၌ ကျင်းပသည်။

ရှေးဦးစွာ ကျိုင်းတုံတက္ကသိုလ် အားကစားနှင့်ကာယပညာဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်မင်းဦးက အဖွင့်အမှာစကားပြောကြားပြီး အဖွင့်ပွဲစဉ်အဖြစ် အမျိုးသား မြန်မာစာအသင်းနှင့် ဥပဒေအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ကျိုင်းတုံတက္ကသိုလ် အားကစားနှင့်ကာယပညာဦးစီးကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောအားကစားပြိုင်ပွဲတွင် ဘာသာရပ်များအလိုက် အမျိုးသားအသင်း ၁၀ သင်း၊ အမျိုးသမီးအသင်း ၁၀ သင်း တို့ ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ဖေဖော်ဝါရီ ၆ ရက်မှ ၈ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)