ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဓနုဖြူ ဖေဖော်ဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မေစိုးမှ ရပ်ကွက်နေပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် ဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနောင်နောင်မှ ပြည်သူလူထုအား မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့နောက် အမှတ်(၁၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးမှ ရပ်ကွက်နေပြည်သူများအား မီးသုံးစွဲရာ၌ သေချာစွာ ဂရုတစိုက်သုံးစွဲကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးမှူး ဦးနောင်နောင်နှင့် တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဘူး အသုံးပြုပုံနှင့် ဂတ်စ်မီးလောင်မှု၊ ဆီမီးလောင်မှုအား လက်တွေ့ငြိမ်းသတ် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို) အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)