ကျွန်းလှမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ဗီတာမင်အေနှင့် သံဓာတ်အားတိုးဆေး တိုက်ကျွေး

ကျွန်းလှ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်က ဗီတာမင်အေနှင့် သံဓာတ်အားတိုးဆေး တိုက်ကျွေးပေးကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဗီတာမင်အေနှင့် သံဓာတ်အားတိုးဆေးကိုလည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအား သံဓာတ်အားတိုးဆေးတို့ကို တိုက်ကျွေးကြသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဌေးနှင့် တာဝန်ရှိသူတို့က ဗီတာမင်အေနှင့် သံဓာတ်အားတိုး‌ဆေးများ တိုက်ကျွေးပေးခဲ့ပြီး ကျန်းမားရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ