ခရမ်း ဖေဖော်ဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူ လူငယ် /လူရွယ်လေးများအနေဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ကျယ်ကျယ် ပြန့်ပြန့်သိရှိပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံ့ရေးနှင့် ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲအောင် ပြည်တွင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက်နိုင်စေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ယနေ့နံနက် ၁၀ နာရီက ခရမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်း၍ အသိပညာပေးဟောပြောခဲ့ပြီး (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားခဲ့ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)