ဝေါ ဖေဖော်ဝါရီ ၇
ဝေါမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် (Mobile Library)ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဒစ်ဂျစ်တယ်အော်တိုအိတ်ချိန်းရုံး၊ မြန်မာ့စာတိုက်လုပ်ငန်းရုံး၊ မြို့နယ်ဆောက်လုပ်ရေးဦးစီးဌာနရုံးသွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဝေါမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိသတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကိုရည်ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း၊ စာစောင်စသည့် စာအုပ်ပေါင်း ၂၀၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အဆိုပါ ရုံးဝန်ထမ်းများက စိတ်အားထက်သန်ပျော်ရွှင်စွာဖြင့် ငှားရမ်းခဲ့ကြကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)