ရေဖြူမြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ရေဖြူ  ဖေဖော်ဝါရီ  ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင်   မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး (ဆေးရုံ ဟောင်း)တွင် ထိုးနှံပေးလျက်ရှိသည်။

 ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဌာနမှဝန်ထမ်းများက ရေဖြူမြို့ပေါ်ရပ်ကွက်များရှိ (၆)လမှ (၅)နှစ်ထိကလေးငယ်များအား ဗီတာမင်(A)ဆေးတိုက်ကျွေးခြင်း၊ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက် ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး အစရှိသည့် ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးခြင်း နှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခတ္တာ